Monday, March 1, 2021

ရေမဖြည့်ပဲ အခင်းပင်စိုက်ပျိုးခြင်းအဆင့်ဆင့်( Dry Start Method)

 


အဆင့် ၁




သင်ပြုလုပ်မည့်မှန်ကန်အတွင်းသို့ ရေအောက်မြေဆွေး(AquaSoil)ထည့်ပါ။ ဘယ်လောက်ထည့်ရမည်ဟု မသတ်မှတ်ထားပေမယ် သင်ပုံဖော်ခြင်သည် အတိုင်းအတာအတိုင်းထည့်နိုင်ပါတယ် ။ သိုပေမယ့် အပင်များအမြစ် ဆွဲနိုင်သော ပမာဏတော့ထည့်သင့်ပါသည်။ အကြံပေးရရင်တော့ ၅ စင်တီမီတာ အထူအနည်းဆုံးရှိသင့်သည်။

အဆင့် ၂


မြေဆွေးထည့်ပြီးပါက မြေညှိတံ သို့ လက်ကိုအသုံးပြုပြီးတော့ ညှိပါမယ်။ ယခုအဆင့်တွင် သင့်စိတ်ကူအတိုင်း ကျောက်တုံးများ နှင့် သစ်ကိုင်းများကို ထည့်နိုင်ပါသည်။ 

အဆင့် ၃



စိုက်မည့်အပင်၊ ရေဖြန်းဘူး ၊ အပင်စိုက်ရန် ဇာဂနာတို့ကိုအသင့်ပြင်ထားပါ။(မှတ်ချက်။ လက်နဲစိုက်လိုရလားမေးရင် စိုက်ကြည်ပါလို့)

အဆင့် ၄




ရေဖြန်းဘူးဖြင့် ကန်အတွင်းရှိ မြေများအားရေဖြန်းပေးရမည်။ မြေများရေလုံးဝမမြုတခင်အထိဖြန်းပေးရန်လိုပါသည်။

အဆင့် ၅




အပင်အား အိုးတွင်းမှထုပ်ယူပြီးသည်နောက်တွင် အုံငယ်လေးများ ခွဲကာ အဆင့်သင့်ပြင်ထားရမည်။

အဆင့် ၆




ဇာဂနာ အားအသုံးပြု၍ အပင်များအား စတင်စိုက်ပျိုး ပြီဖြစ်ပါသည်။ အပင်များစိုက်ရာတွက် အနည်းငယ်သာ ထိုးစိုက်ရန်လိုပါသည်။ မိမိတွင်ရှိသော အပင်အုံးအရေအတွက်ပေါ်မူတည်၍  စိုက်ပျိုးနိုင်ပါသည်။ များများစိုက်လျှင် မြန်မြန်ပြည့်ပါမည်။။။

အဆင့် ၇ 


">အပင်စိုက်ပြီးပါက ရေဖြန်းဘူးဖြင့် ရေအနည်းငယ်ဖြန်ပေးရန်လိုပါသည်။ အပင်များအရေလုံးဝ မြုတ်မသွားရပါ။ထိုနောက် ကန်အား အဖုံး ဖုံးထားရပါမည်။

အဆင့် ၈



တစ်ရက်လျှင် အလင်း ၁၂နာရီမှ ၁၄ နာရီအထိ ပေးရပါမည်။ တရက်လျှင် ၁၅မီနှစ်ခန့်အုပ်ထားသောအဖုံးအား ဖွင့်ပေးထားခြင်းဖြင့် ပြင်ပလေ ဖလှခြင်းကိုလုပ်ဆောင်ပေးပါ။ ထိုကဲသို့ပြုလုပ်ပေးခြင်သည် ကန်အတွင် မှိုတက်ခြင်းကိုလဲကာကွယ်နိုင်ပါသည်။ လိုအပ်ပါကအစို ဓာတ်ရှိနေစေရန် ရေဖြန်းပေးပါ။။




၁၅ ရက်အတွင်း အပင်လေးများကြီးထွားလာ မှုကို တွေမြင်ရမှာဖြစ်ပါတယ် ။။ တစ်လပြည့် လျှင် သိသာစွာ ကြီးထွားဖြန်ကျက်လာသည်ကိုသင်ကိုယ်တိုင် ပျော်ရွှင်စွာတွေရမှာဖြစ်ပါတယ် ။။။။ အပင်လေးတွေ တကန်လုံးပြည့်ပြီးနောက်ရေဖြည့်တော့မည်ဆိုပါက ရေသန့်စင်စက် နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ပေးမည့် အဆင်သင့်ရှိရန်လိုပါသည်။

Photo Credit to Z-Aquatics

 

No comments:

Post a Comment

Erythromycin Vs Blue Green Algae

  Erythromycin Vs Blue Green Algae အပင်ကန်ဝါသနာရှင်အသစ်လေးတွေ က မခန့် မှန်းထားတဲ ပြသာနာလေးတွေအမြဲတွေကြရပါတယ် အဲဒီအထဲမှာ BGA လို့ခေါ်တဲ algae...