Erythromycin Vs Blue Green Algae
Aquar Supply
Saturday, July 3, 2021
Erythromycin Vs Blue Green Algae
Friday, June 25, 2021
Algae ပြသာနာများ
Algae ဆိုတာဘာလည်း?????
Algae ဆိုတာဂျိုနဲလာဟဲ လိုပြောရအောင်
အပင်ကန်သမား တိုင်းကို ဒုက္ခ လှလှပေးတဲသူတွေပါ
မခေါ်လည်း လာတဲ သူတွေမလို သူတို့ အကြောင်းတော့သိအောင်လုပ်ထား
မှ ဧည့်နှင့်လိုရမှာပါ
ခြေလေးချောင်းမစားတဲ မစားတဲ ဧည့်သည်ကို
ခြေလေးချောင်းဟင်းချည်ချက်ပြီး မလာအောင်ကာကွယ်ရတော့မျာပေါ့
Algae ဆို အရမ်းရိုးရှင်းတဲ တည်ဆောက်ပုံနဲ
Chlorophyll ပါတဲ အပင်ငယ်လေးတွေလိုပဲဆိုကြပါစို့ 
ဒါကြောင့် Algae အများစုဟာ အစိမ်းရောင်ဖြစ်နေတာပါ
သူတို့ ကအချိန်အခါပေးပြီးဆိုရင် ဖြစ်ပေါ်လာမှာပါပဲ
နောက်တစ်ခု ကတော့ အဲချိန်အခါဖြစ်ပေးနေသရွေ
့စုဝေးမယ် ပွားများမယ် ဒါသူတို့သဘာဝပါပဲ
အဲတော့ သူ ဖြစ်ပေါ်စေတဲ ဘယ်အကြောင်တရားနဲဘယ်အချိန်အခါ တွေဘာတွေဖြစ်တယ်ဆိုတော့
အပိုင်း(၂)
Why Algae Occur?
ဘာလို Algae ဖြစ်လည်း အကြောင်း ၇ ချက်ရှိတယ်
၁။ အပင်ကန်ကို သဘာဝနေရောင်ရရှိတဲနေရာ
မှာထားမီလိုပါ
၂။ ပုံမှန်ရေလှဲခြင်းမပြုလုပ်ခြင် ( အပျင်းတက်ခြင်း)
၃။ ကန်အတွင်း ရေစီးဆင်းမှု မလုံလောက်ခြင်း
၎။ သက်ရှိငါးများ အလွန်ထဲသွင်းခြင်း
၅။အစာများလိုအပ်သည်ထက်ကျွေးခြင်း
၆။အပင်ကန်မီးအား လိုအပ်သည်ထက် အချိန်ကြာမြင့်စွာဖွင့်ထားခြင်း
၇။လိုအပ်သော ဓာတ်သတ္တုများ လုံးလောက်စွာမရခြင်းနှင့်လွန်ကဲခြင်း
အဲ အချက်အားလုံးက တစ်ခုခုနဲ ကိုက်တာနဲ
လာမယ်အမျိုးတွေစောင့်နေပါတယ်နော်
ဘယ်လို Algae တွေရှိလည်း သူတို့ ကို ဘာကြောင့်ဖြစ်လည်း ပြီးတော့ဘယ်လိုကာကွယ်မလည်း ကုသမလည်းဆိုတာ ကိုတော့
အပိုင်း ၃
Black Brush Algae
နာမည်ကြီး Villain ကြီးပေါ့ သူ့ ကို ခေါ်ကြ တာကတော့ BBA တဲ့
အမဲရောင် အမျှင်တွေပုံစံနဲပေါ့ 0.5cmလောက်ရှည်တက်ပြီးတော့ ကြီးထွားမှု နှေးသောအပင်များ၊
ကျောက်တုံးများ၊ သစ်မြစ်(DW)များ၊ ကန်အတွင်းရှီစက်ပစ္စည်းများပေါ်တွင် ဖြစ်ပွားတက်ပါတယ်။
ဖြစ်ရတဲကြောင်းအရင်းကတော့ ကန်အတွင်း ရေစီးဆင်းမှုပမာဏ
မလုံလောက်ခြင်း နှင့် CO2 level နည်းခြင်း သို့မဟုတ် မတည်ငြိမ်ခြင်းတို့ ကြောင့်ဖြစ်တက်ပါတယ်
ဘယ်လိုဖယ်ရှားမလည်းဆိုတော့
၁။တိုက်ချွတ်ဆေးကြောလိုရတာအရာတွေဆိုရင်
လုံးဝပြောင်သွားအောင် တိုက်ချွတ်ဆေးကြောမယ်
၂။အရွက်တွေမှာတက်နေရင်တော့ ညှပ်ဖြစ်ပြီးဖယ်ရှားပြစ်မယ်
၃။ကန်ထဲကို SAE(Siamese Algae Eater)
ထဲမယ်
၎။Liquid Carbon ကို Over Dose ပေးမယ်
(Violet Vault EXE1, Flourish Excel, Easy Carbo, TNC Carbon)
၅။CO2 ပေးတာကို ဖြည်းဖြည်းတိုးပေးမယ်
ပြီးတော့ ကန်အတွင်းရေစီးဆင်းမှုပိုကောင်းအောင်လုပ်မယ် ( For High Light Tank )
၆။ ရေလဲခြင်းကို ရပျလိုကျပါ အဘယ်ကြောင့်ဆိုသော် လဲလှည်သောရေကြောင့် CO2 ပျော်ဝင်မှုကို မတည်ငြိမ့်မှုဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်သည်
( For Low Light tank Without CO2)
ဘယ်လိုပဲရှင်ရှင်း ဖြစ်ပေါ်တဲအကြောင်းအရင်းကို မပြုပြင်သ၍တော့ လူကြမ်းမင်းသားကြီး
BBA လက်က လွတ်မှာမဟုတ်ဘူးနော်လို ပြောရင်းနဲ လာမယ်အပိုင်း ၄ မှာ Hair Alage အကြောင်းလေးပြောပေးမယ်နော်
(မင်းရဲဆံနွယ်တွေရေမှာလွင့် နေတယ်တော်တော်ကိုကြည်ရဆိုးပါတယ်……)
မင်းရဲဆံနွယ်တွေရေမှာလွင့်နေတယ် တော်တော်ကိုကြည်ရဆိုးပါတယ်…….
တကယ် ဆိုရင် ကန်ကိုကြည်ကြည်ပြီ ရင်ထဲကြေကွဲ နေရုံလေးပဲ
အဲလိုသာဆို ကန်ကိုရိုက်ခွဲပစ်ခြင်တယ်
……………………………
ဟိုးဆရာ အဲလောက် Hair algae နဲဘာလို ကန်ခွဲရအတုန်း
AquarQuespar ရဲ ကိုရီးယား စီးရီးပိုင်း ၄ ကိုသာကြည်လိုက်ပါ
အပိုင်း ၎
Hair, Thread, Fuzz, etc Algae
အင်္ဂလိပ်လိုတော့ ခေါ်ကြတာအားကြီးပဲ စုံ နေတာပဲ မြန်မာလို တော့ အမွှေးအမျှင် algae ပေါ့…….
ပုံစံက Microscope နဲကြည်ရင်တော့ ပြားပြားရှည်ရှည် နန်းမျှင်ကဲသို့  ပါ များသောအားဖြင့် အစိမ်းရောင်
အသွင်ရှိပြီး အတိုအရှည် ပုံစံကွဲတွေအများကြီးရှိပါတယ်
ဘာလို ဖြစ်တာလည်းဆိုတော့
၁။ကန်အတွင် လိုအပ်တဲ NPK လိုခေါ်တဲ အခြေခံလိုအပ်တဲအဟာတွေမလုံလောက်လိုပါ
၂။Ammonia Spikes လို ခေါ်တဲ ကန်တွင်
Ammonia ဓာတ်တဟုတ်ထိုး မြင်တက်လားမှု
၃။ကန်အတွင် CO2 ပျော်ဝင်မှု အလွန်နည်းခြင်းတို
့ကြောင့်
ဘယ်လိုဖြေရှင်းမလည်း
၁။ တူချောင်းလေးပဲဖြစ်ဖြစ် Brush လေးနဲပဲဖြစ်
အမျှင်တွေကိုလိပ်ပြီးတော့ဖယ်ထုပ်မယ်
၂။ Amano Shrimps, Rosy Barbs and Mollies တွေထဲမယ် အဲကောင်တွေလိုက်ရှင်းလိမ့်မယ်
၃။Liquid Carbon ကို Over Dose ပေးမယ်
(Violet Vault EXE1, Flourish Excel, Easy Carbo, TNC Carbon)
အကယ်၍ Hight Light tank တွေမှာဆို အပင်းတွေများများစိုက်မယ်၊
NPK supply ပုံမှန်ပေးမယ် ၊ CO2 ပုံမှန်ပေးခြင်းဖြင့်လည်းကာကွယ်နိုင်ပါတယ်………
ကဲဆံနွယ်လေးတွေရေမှာမလွင် ကြစေနဲလို ဆုတောင်းပေးရင်း အပိုင်း၅ မျော်။။။။။။။
အပိုင်း ၅
အရမ်းရုပ်ဆိုးတဲ Algae ပါ မသိရင် ကန်ကို
ကျိန်စာတိုက်ခံထားရသလိုပါပဲ ညိုညို ညစ်ညစ် တွေရမြင်ရ လုံးဝစိတ်ကုန်သွားစေနိုင်တဲ
Algae ပါ ဘာလိုလည်းဆို တော့ beginner အသစ်လေးတွေတော်တော် များများ တွေကြုံရတဲ
Algae ဆိုလည်းမမှားပါဘူး ဖြစ်ပြီဆို လည်း ကန်ကအစ soil အဆုံး အပင်ပါမချန်ဖြစ်တာပါ
ဘာကြောင့်ဖြစ်တာလည်းဆို ကန်အသစ် စင် တဲကန်တွေမှာ
ပါလာနိုင်တဲ Silicates ဓာတ်ပေါင်းတွေကြောင့်ရယ် နဲ Ammonia တွေကြောင့်ပဲဖြစ်ပါတယ်
အဲဒါကြောင့် အဘဆရာတွေက ကန်အသစ်ဆိုရင်
ရေ ၈၀% ခန့် လဲခိုင်း တာဟာ အဲ Silicates ဓာတ်ပေါင်းတွေ နဲ Ammonia တွေ ပါသွားအောင်လိုပါ....ပြောရရင်တော့ကာကွယ်တာပေါ့ဗျာ
သူတို့ ဖြစ်လာပြီ ဘယ်လိုဖြေရှင်းမလဲဆိုရင်တော့
၁။ တိုက်ချွတ်ဆေးလိုရသမျှဆေးပါ အထူးအဖြင့်
မှန်ကန်
၂။ Otocinclus အများခေါ်ကြတဲ Oto ပါ အဲကောင်လေးတွေအမုန်း ဝါးပါလိမ့်မယ်
၃။ အပေါ်က နှစ်ချက် လုပ်ပြီးလို ကန်သတ်တမ်းလေး ရှိသွားပြီဆိုရင် ကန်လေးကသဘာဝအတိုင်း
ဖြစ်သွားပြီဆိုရင် သူအလိုလို ပျောက်ကွယ် သွားမှာပါဗျာ
ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းလို
အဘဆရာတွေ စကားနာထောင်လိုက်ကြပါနော်…….
အပိုင်း ၆ မှာပြန်ဆုံကြမယ်ကွယ်
အပိုင်း ၆
ဒီတခါ ပြောပြခြင်တဲ Algae ကတော့ GSA (Green Spot Algae) ပါ ကန်မျက်နှာပြင်ရော အခြေအနေဆိုးရင်
ကျောက်တုံးတွေ ပိုဆိုးတာကတော့ အပင်တွေ ရဲ အရွက်တွေပေါ်မှာတက်တာပါပဲ
ဒီ Algae ကန်အသစ် ကော ကန်အဟောင်းမှာပါဖြစ်နိုင်ပါတယ်။
ဒီ algae ဟာ အစ ဦးပိုင်းမှာ အစိမ်းအစက်သေးသေး ကစတင်လို တဖြည်းဖြည်းကြီးထွားလာပါမယ်….
ဖြစ်ရတဲအကြောင်းအရင်းတွေကတော့ Phosphate ဓာတ်ပစ္စည်း လုံးလောက်စွာမရရှိ ကြောင့်လဲဖြစ်နိုင်သလို
Co2 ပေးခြင်းမလုံလောက်ခြင်း၊ ရေလည်ပတ်မှု (Flow rate)မကောင်းခြင်း ၊ နောက်ဆုံးတစ်ခုကတော့
အလင်းကို လိုအပ်ချိန်ပို ပေးခြင်းဖြစ်ပါတယ် ......
အကောင်းဆုံးသောရှင်းနည်းကတော့
၁။ ၄င်းalgaeတက်နေတဲ မှန်တွေကို တိုက်ချွတ်ဆေးခြင်း
၂။ အလင်းပေးခြင်းကို အများဆုံး ၁၀ နာရီအထိသာထားပေးခြင်း
၃။ ကန်ရေစီဆင်းမှုအား ကောင်းမွန်အောင်ပြုလုပ်ပေးခြင်း
၎။ အပင်ကန်ဆိုလျှင် phosphate ပါဝင်သော အားဆေးများသုံးပေးခြင်း
၅။ Co2 ပေးခြင်းအား လိုအပ်သလို တိုးမြှင့်ပေးခြင်းတို့ ဖြင့် ပြုလုပ်ကာကွယ် ဆေးကြောနိုင်ပါတယ်
Monday, March 1, 2021
ရေမဖြည့်ပဲ အခင်းပင်စိုက်ပျိုးခြင်းအဆင့်ဆင့်( Dry Start Method)
သင်ပြုလုပ်မည့်မှန်ကန်အတွင်းသို့ ရေအောက်မြေဆွေး(AquaSoil)ထည့်ပါ။ ဘယ်လောက်ထည့်ရမည်ဟု မသတ်မှတ်ထားပေမယ် သင်ပုံဖော်ခြင်သည် အတိုင်းအတာအတိုင်းထည့်နိုင်ပါတယ် ။ သိုပေမယ့် အပင်များအမြစ် ဆွဲနိုင်သော ပမာဏတော့ထည့်သင့်ပါသည်။ အကြံပေးရရင်တော့ ၅ စင်တီမီတာ အထူအနည်းဆုံးရှိသင့်သည်။
အဆင့် ၂
မြေဆွေးထည့်ပြီးပါက မြေညှိတံ သို့ လက်ကိုအသုံးပြုပြီးတော့ ညှိပါမယ်။ ယခုအဆင့်တွင် သင့်စိတ်ကူအတိုင်း ကျောက်တုံးများ နှင့် သစ်ကိုင်းများကို ထည့်နိုင်ပါသည်။
အဆင့် ၃
စိုက်မည့်အပင်၊ ရေဖြန်းဘူး ၊ အပင်စိုက်ရန် ဇာဂနာတို့ကိုအသင့်ပြင်ထားပါ။(မှတ်ချက်။
လက်နဲစိုက်လိုရလားမေးရင် စိုက်ကြည်ပါလို့)
အဆင့် ၄
ရေဖြန်းဘူးဖြင့် ကန်အတွင်းရှိ မြေများအားရေဖြန်းပေးရမည်။ မြေများရေလုံးဝမမြုတခင်အထိဖြန်းပေးရန်လိုပါသည်။
အဆင့် ၅
အပင်အား အိုးတွင်းမှထုပ်ယူပြီးသည်နောက်တွင် အုံငယ်လေးများ ခွဲကာ
အဆင့်သင့်ပြင်ထားရမည်။
အဆင့် ၆
ဇာဂနာ အားအသုံးပြု၍ အပင်များအား စတင်စိုက်ပျိုး ပြီဖြစ်ပါသည်။ အပင်များစိုက်ရာတွက် အနည်းငယ်သာ ထိုးစိုက်ရန်လိုပါသည်။ မိမိတွင်ရှိသော အပင်အုံးအရေအတွက်ပေါ်မူတည်၍ စိုက်ပျိုးနိုင်ပါသည်။ များများစိုက်လျှင် မြန်မြန်ပြည့်ပါမည်။။။
အဆင့် ၇
">အပင်စိုက်ပြီးပါက ရေဖြန်းဘူးဖြင့် ရေအနည်းငယ်ဖြန်ပေးရန်လိုပါသည်။ အပင်များအရေလုံးဝ မြုတ်မသွားရပါ။ထိုနောက် ကန်အား အဖုံး ဖုံးထားရပါမည်။
အဆင့် ၈
တစ်ရက်လျှင် အလင်း ၁၂နာရီမှ ၁၄ နာရီအထိ ပေးရပါမည်။ တရက်လျှင် ၁၅မီနှစ်ခန့်အုပ်ထားသောအဖုံးအား ဖွင့်ပေးထားခြင်းဖြင့် ပြင်ပလေ ဖလှခြင်းကိုလုပ်ဆောင်ပေးပါ။ ထိုကဲသို့ပြုလုပ်ပေးခြင်သည် ကန်အတွင် မှိုတက်ခြင်းကိုလဲကာကွယ်နိုင်ပါသည်။ လိုအပ်ပါကအစို ဓာတ်ရှိနေစေရန် ရေဖြန်းပေးပါ။။
၁၅ ရက်အတွင်း
အပင်လေးများကြီးထွားလာ မှုကို တွေမြင်ရမှာဖြစ်ပါတယ် ။။ တစ်လပြည့် လျှင် သိသာစွာ ကြီးထွားဖြန်ကျက်လာသည်ကိုသင်ကိုယ်တိုင်
ပျော်ရွှင်စွာတွေရမှာဖြစ်ပါတယ် ။။။။ အပင်လေးတွေ တကန်လုံးပြည့်ပြီးနောက်ရေဖြည့်တော့မည်ဆိုပါက
ရေသန့်စင်စက် နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ပေးမည့် အဆင်သင့်ရှိရန်လိုပါသည်။
Photo Credit to Z-Aquatics
90 days guide
90 days guide
Day 1: သင်စိတ်ကူးဖြင့်ပုံဖော်ထားသော ကန်လေးအား လိုအပ်သော မရှိမဖြစ်လိုအပ်သော ပစ္စည်းများ တပ်ဆင်ပြီးနောက် ရေဖြည့်ပြီးသောအခါ နေ့ရက်အလိုက် စတင်လုပ်ဆောင်ရန်
တပ်ဆင်ပြီးသော စက်ပစ္စည်းများအားစစ်ဆေးပါ( ရေလည်ပတ်စက်၊ နှင့် အခြားသော ပစ္စည်းများ ပုံမှန်အလုပ်မလုပ်) စစ်ဆေးပါ။ အပင်ကန်စတင် လုပ်ဆောင်ချိန် အစတွင် အလင်းပေးမှုအားတစ်နေ့လျှင် ၆ နာရီခန့်သာပေးသင့်ကြောင့် အကြံပေးပါရစေ။ အကယ်၍ သင်ရွေးထားသော အပင်ကန်သုံးမီးမှာ အလွန်များ နေပါက အစတွင် တစ် လီတာလျှင် 0.5 watt သို့တွက်ချက်၍ အသုံးပြုစေလိုပါတယ်။
ပင်ကန်စစခြင်းတွင် CO2 အား စတင်ပေးသင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပင်များအတွက် အဓိကလိုအပ်သော အဟာရတစ်ခုဖြစ်သောပါသည်။ CO2 မရရှိသော အပင်များမှာမူ လိုအပ်သောကြီးထွားမှုမပြုနိုင်တော့သည်အတွက်ဖြစ်ပါသည်။ ကန်ပိုင်ရှင်များ၏ အပင်ရွေးချယ်မှုပေါ်မူတည်၍ လိုအပ်ပုံခြင်းကွဲပြားမည်ဖြစ်ပါသည်။
အလျှင်အမြန်ကြီးထွားနိုင်သော အပင်များအား ကနဦးအစတွင် ထဲသွင်းစိုက်ပျိုးခြင်းဖြင့် ကောင်းမွန်သာစတင်ခြင်းနှင့် ရေညှိတက်ခြင်းအား ကာကွယ်နိုင်ပါသည်။ အကယ်၍ မရှိခဲ့ပါ အပင်ကန်စတင်ပြီးတစ်ရက်နှစ်ရက် အတွင်းထဲသွင်းရန်အကြံပေးပါရစေ။
အပင်အားဆေး အားစတင်ပေးခြင်းကိုရှောင်ရှားစေလိုတယ် သင်တို့ဝယ်လာသော အပင် များတွင် ၂ ပတ်မှ ၄ပတ်အထိ ၎င်းတို့ရဲ နေလည်စာ ထမင်းချိုင်လေးပါ လာသောကြောင့် ၄ပတ်ကျော်မှသာ အပင်အားဆေးများကို ပေးအပ်ရန်အကြံပြုပါရစေ။
Day 3: ရေ ၅၀% ခန့် လဲပါ။
ကန်ထဲသို့Shrimps သို့Snails ထဲ၍ ရေညှိ ဖြစ်ပေါ်မှုကို ကာကွယ်ပါ။ အကြံပြုချက်အရ ရေ ၅လီတာ လျှင် Amano shrimp တစ်ကောင်နှုန်း ဖြင့်လည်းကောင်း ၊ Posthorn snail နှင့် အခြားသော ရေညှိစား shrimps များလည်းအသုံးပြုနိုင်ပါသည်။
Day 7: သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် အလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting).
ကန်အတွင်းရှိ အရွှက်အိုး အရွက်ဟောင်းများ ၊ နာနေသောရိနေသော အရွက်များအား ရှင်းလင်းပေးပါ။ ၎င်း အရွက်များ၏ ပျက်စီးခြင်းမှ ထွက်လာသော အရာများမှာ ရေညှိ ဖြစ်ပေါ်စေရန် နှင့် ပိုမိုပြန်ပွားစေ နိုင်သောကြောင့်ဖြစ်ပါသည်။
Day 10: ရေ ၃၀% ခန့်လဲပေးပါ။
သင့်ကန်အတွင်းသို့ ရေညှိစားငါးလေးများ ထဲရန်အကောင်းဆုံးသောအချိန်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းငါးလေးများဟာ ပထမထဲထားသော Shrimps and Snails များ ပို၍ ထိရောက်မှုအားသင့်တွေမြင်ပါလိမ့်မယ်။ ထို နည်းဖြင့် သင်ကန်အား ရေညှိပြသာနာမှ ကာကွယ်ရန် အလွန်အထောက်အကူဖြစ်သော ကာကွယ်နည်းဖြစ်ပါတယ်။
အကယ်၍ သင် ကုန်ရေ က စိမ်းနေမယ်သို့မဟုတ် အဖြူရောင် ဖက် ရောက်နေမယ်ဆိုရင်တော့ သင်တို့သုံးထားတဲ Filter အားစစ်ဆေးပြီးတော့ တွင်းမှာရှိတဲ Sponge တွေကို ဆေးပြစ်ရပါမယ်။ ထိုနောက် သင့်ကန် အား ရေ ၇၅% ခန့်အား နှစ်ရက်တစ်ခါ ရေလဲခြင်းအား ရေကြည်လာသည်အထိ လုပ်ပေးရပါမယ်။ အကယ်၍ ရေကစိမ်းနေမယ် ဆိုရင်တော့ အလင်းပေးမှုအား ၂ရက်ခန့် ရပ်နားပြီးတော့ ၇၅%ခန့်ရေလဲခြင်းအား မီးမပိတ်မှီ နဲ မီးပြန်မပေးမှီ လုပ်ပေးရပါမယ်။ သင်ကန်အတွင်းရှိ ငါးလေးများ အစားအလွန်ကြွေးခြင်း သည် လည်းအထက်ပါ အကြောင်းအရာများဖြစ်ပေါ်စေပါတယ်။
Day 14: ရေ ၃၀% ခန့် လဲပါ။
သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် အလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting).
ကန်အတွင်းရှိ အမြန်ကြီးထွားလာသော သို့မဟုတ် ကန်သဘာဝအတိုင်း အမြန် ဖြစ်တည်ရန်ထဲသွင်းထားသော အပင်များ အား ညှပ်ပေးရပါမယ် ဘယ်ကြောင့်ဆိုသော် အခြားသောအပင်များအား အရိပ်ကျမှုမဖြစ်ပေါ်စေရန်အတွက်ဖြစ်ပါသည်။
Day 17: ရေ ၃၀% ခန့် လဲပါ။
အကယ်၍ သင်ကန်တွင် အလွန်ရှည်လျားပြီး ဆံချည် နှင့်တူသော ရေညှိ တွေလျှင် အကောင်းဆုံးသောဖြေရှင်းနည်းမှာ ဝါးတူသို့ သစ်သားတူ ဖြင့် ရစ်ပတ် ဖယ်ရှားနိုင်ပါသည်။ သင်ကန်ထဲသို့ရေညှိစား ငါးများ နှင့် အခြားသော ရေညှိစား သတ္တဝါလေးများပိုမို ထဲခြင်းဖြင့် ဖယ်ရှားခြင်း နှင့် ကာကွယ်ခြင်း ပြုလုပ်နိုင်ပါသည်။ အမြန်ကြီးထွားသော သို့မဟုတ် ကန်အားသဘာဝအတိုင်း အမြန် ဖြစ်တည်ရန်ထဲသွင်းထားသော အပင်များ ပိုမိုထဲသွင်းခြင်းသည် ၎င်း ရေညှိများ အဖန်ဖန် ဖြစ်ပေါ်မှုအား ကာကွယ်နိုင်ပါသည်။
Day 21: ရေ ၃၀% ခန့် လဲပါ။ ကန်သက်တမ်း သုံး ပတ်ပြည်ပြီးနောက်တွင် သင်ကုန်အတွင် ရေညှိပြသာနာမ ရှိတော့ပါက တစ်ပတ် တစ်ကြိမ်ရေလဲခြင်းသည် လုံလောက်သော ရေလဲခြင်ဖြစ်ပါသည်။
သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် အလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). ကန်အား ပေးထားသော မီးအား တစ် နေ့၈ နာရီသို့တိုးပေးနိုင်ပါပြီ။
ထို့နောက် အပင် အားဆေးများ စတင်၍ ပေးနိုင်ပါသည်။ အပင် အားဆေးများတွင် Nitrogen နှင့် Phosphorus မပါဝင်သော အပင်အားဆေးအား စတင်အသုံးပြုရန် ဖြစ်ပါသည်။ အားဆေးပေးရာတွင် သတ်မှတ်ထားသော ပမာဏ တစ်ဝက်ခန့်သာစတင်၍ပေးသင်ပါသည်။ အာဆေးပေးရာတွင် ဖြစ်နိုင်လျှင် တစ်ကြိမ်တဲ တပြိုင်နက်ပေးမည့်အစား ခွဲ၍ပေးလျှင်ပိုမိုကောင်းပါသည်။
Day 28: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် အလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). Filter sponge များအားဆေးပါ။
အပင်အားဆေးထဲပေးပါ။ သတ်မှတ်ထားတဲ ပမာဏ တစ်ဝက်ခန့်သာအသုံးပြုပါ။
ကန်အတွင်းရှိ အမြန်ကြီးထွားလာသော သို့မဟုတ် ကန်သဘာဝအတိုင်း အမြန် ဖြစ်တည်ရန်ထဲသွင်းထားသော အပင်များ အား ညှပ်ပေးရပါမယ် ဘယ်ကြောင့်ဆိုသော် အခြားသောအပင်များအား အရိပ်ကျမှုမဖြစ်ပေါ်စေရန်အတွက်ဖြစ်ပါသည်။
အကယ်၍ သင် ကန် မှန်တွင် ရေညှိ တက်ခြင်းကို မြင်တွေပါ က တိုက်ချွတ်ပေးရပါမယ်။ ၎င်း ရေညှိများ အလွန်ပွားများလာခြင်းသည် အပင်အားဆေး လွန်စွာသုံးမိခြင်း နှင့် သေးဆုံးသွားသောအပင်နှင့် သတ္တဝါများမှထွက်ရှိသာ ဓာတ်ပစ္စည်းများကြောင့်ဖြစ်သည်။
Day 35: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting).
အပင်အားဆေးထဲပေးပါ။ သတ်မှတ်ထားတဲ ပမာဏ တစ်ဝက်ခန့်သာအသုံးပြုပါ။
ကန်ထဲတွင် ရေညှိ ပြသာနာ မရှိတော့သောအခါတွင် မလိုအပ်သော အထောက်အကူပြုအပင်များအား ထုပ်ပြစ်၍ သင်လိုအပ်သော အပင်များအားနေရာနှင့် အလင်းရောင်းပိုမိုရရှိစေရန်ပြုပြင်နိုင်ပါသည်။
Day 42: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting).
အပင်အားဆေးထဲပေးပါ။ သတ်မှတ်ထားတဲ ပမာဏ တစ်ဝက်ခန့်သာအသုံးပြုပါ။
ထိုနောက်အလင်းပေးမှုအား တစ်နေ့၈ မှ ၁၀ နာရီအထိ ပေးနိုင်ပါပြီ။ သို့သော် ၁၀ နာရီအထက် အလင်းပေးမှုသည် ရေညှိ ဖြစ်ပေါ်မှုအား ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်းသတိပြုပါ။
Day 49: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting).
အပင်အားဆေးထဲပေးပါ။ သတ်မှတ်ထားတဲ ပမာဏ တစ်ဝက်ခန့်သာအသုံးပြုပါ။ ကန်တွင် သင်ရွေးချယ်ထားသော ပင်များပေါ်မူတည် အပင်ညှပ်ခြင်းကိုစတင်ပြုလုပ်ရပါမည်။ သို့သော် သင်အနေဖြင့် အမြစ်များ လိုအပ် သလောက် မကြီးထွားသော အပင်များ နှင့် မကြီးထွားသေးသောအပင်များ အား ညှပ်ခြင်းမပြုသင့်ပါ။ အပင်များ ခဏခဏ သို့ရန်ဖန်ရန်ခါ ညှပ်ခြင်းသည် သင့်ကန်၏ ရပ်တည်မှုအား ချိန်ငြိ ခြင်းဖြစ်ပါသည်။ ညှပ်ပြီးသော အပင်များအားပြန်လည်း စိုက်ပျိုးခြင်းသည်လည်း ကောင်းမွန် ရလဒ်ကိုရရှိစေပါသည်။ အထူဂရုပြုရန်မှာ အပင်ညှပ်ခြင်းကြောင့်ဖြစ်ပေါ်လားသော အရွက်ပြတ်များအား ရှင်းလင်းရပါမည် အဘယ်ကြောင့်ဆိုသော ၎င်း အရွက်များသည် အရိပ် နှင့် မလိုအပ်သော ဓာသတ္တုများထုပ်လုပ်သောကြောင့်ဖြစ်သည်။
Day 56: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). Filter sponge များအားဆေးပါ။
ကန်အတွင်း ရေညှိပြသာနာမရှိ တော့ပါက အပင်အားဆေးအား ပုံမှန် သတ်မှတ်ချက်တိုင်းစပေးနိုင်ပါပြီ။ ထိုနောက် အခြားသော အပင်အားဆေးများဖြစ်သည် nitrogen နှင့် phosphorus အားစတင်ပေးမည်ဆိုပါက သတ်မှတ်ထားသည့် ပမာဏ ၏တစ်ဝက်ခန့်သာပေးသင့်ပါသည်။
Day 63: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). အပင်အားဆေး ထဲပါ။ လိုအပ်ပါက အပင်ညှပ်ပေးပါ။
Day 70: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). အပင်အားဆေး ထဲပါ။ လိုအပ်ပါက အပင်ညှပ်ပေးပါ။ များစွာသောအပင်များသည် သင် ကန်တွင် ပွားများနေပါလိမ့် ထိုကြောင့် လေးနက်သောအပင်ညှပ်မှုအားလိုအပ်ပါမည်။ ထိုနောက် သင့်အပင်ကန်အတွင် သင်ပုံဖော်ထားသည် အတိုင်းဖြစ်များသောအပင်များအား အခြားသောအပင်များဖြင့် လဲလှဲပြစ်နိုင်ပါသည်။
Day 77: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). အပင်အားဆေး ထဲပါ။ လိုအပ်ပါက အပင်ညှပ်ပေးပါ။ အပင်ညှပ်ခြင်းသည် သင်အပင်ကန်၏ Balance အားထိန်းသိမ်း ခြင်းဖြစ်ကြောင့် မှတ်သားထားပါ။
Day 84: ရေ ၃၀% ခန့် လဲပါ။ သင်တပ်ဆင်ထားတဲ ပစ္စည်းများ အားပုံမှန်အလုပ် မလုပ်စစ်ဆေးပါ ( Timer, Filter, CO2 and Lighting). အပင်အားဆေး ထဲပါ။ လိုအပ်ပါက အပင်ညှပ်ပေးပါ။
Day 90: သင့်အပင်ကန်သည် ၁၀၀% ခန့် Balance ဖြစ်ပြီဟု ယူစနိုင်ပါပြီ။ သင်ကန်ရဲ နောက်ခံအပင်လေးတွေကလည်း အပြည်အဝ နေရာယူပြီးဖြစ်နေပါမယ်။ ပင်စည်အခြေပြုအပင်လေးတွေကလည်း ညှပ်လိုက်ပြန်စိုက်လိုက်နဲ အကောင်းဆုံးသော အရည်အသွေးနဲပုံစုံတကျဖြစ်နေပါမယ်။ ကန်ရေ အလွန်ကြည်လင်နေပြီးတော့ သင်စွမ်းဆောင်ထားသော ရလဒ်ကို ခံစားနိုင်ပါပြီ။
Friday, December 11, 2020
Erythromycin Vs Blue Green Algae
Erythromycin Vs Blue Green Algae အပင်ကန်ဝါသနာရှင်အသစ်လေးတွေ က မခန့် မှန်းထားတဲ ပြသာနာလေးတွေအမြဲတွေကြရပါတယ် အဲဒီအထဲမှာ BGA လို့ခေါ်တဲ algae...

-
90 days guide Day 1 : သင်စိတ်ကူးဖြင့်ပုံဖော်ထားသော ကန်လေးအား လိုအပ်သော မရှိမဖြစ်လိုအပ်သော ပစ္စည်းများ တပ်ဆင်ပြီးနောက် ရေဖြည့်ပြီးသောအခါ န...
-
အဆင့် ၁ သင်ပြုလုပ်မည့်မှန်ကန်အတွင်းသို့ ရေအောက်မြေဆွေး(AquaSoil)ထည့်ပါ။ ဘယ်လောက်ထ...
-
Algae ဆိုတာဘာလည်း????? Algae ဆိုတာဂျိုနဲလာဟဲ လိုပြောရအောင် အပင်ကန်သမား တိုင်းကို ဒုက္ခ လှလှပေးတဲသူတွေပါ မခေါ်လည်း လာတဲ သူတွေမလို သ...